လူနာတစ်ယောက်အနေနဲ့ စောင့်ရတာကို လက်ခံနိုင်ပါတယ်။ ဒါပေမယ့်—
ဘယ်လောက်ကြာဦးမလဲ မသိရခြင်း
ကိုယ့်အလှည့် ဘယ်တော့ရောက်မလဲ မသိရခြင်း
ကိုယ့်နောက်မှရောက်တဲ့လူက ဘာကြောင့် အရင်ဝင်သွားလဲ မသိရခြင်း
ဆရာဝန်ရောက်ပြီလား မရောက်သေးဘူးလား မသိရခြင်း
တွေက လူနာစိတ်ဖိစီးမှုကို ပိုတိုးစေနိုင်ပါတယ်။
ဒါကြောင့် ဆေးခန်းတစ်ခုရဲ့ Patient Experience ကို မြှင့်တင်ရာမှာ စောင့်ဆိုင်းချိန်ကို လျှော့ချခြင်း တစ်ခုတည်းမဟုတ်ဘဲ စောင့်ဆိုင်းနေစဉ် သတင်းအချက်အလက် ပေးနိုင်ခြင်း ကလည်း အရေးကြီးပါတယ်။
ဆေးခန်းတစ်ခုမှာ အောက်ပါအချက်တွေ ရှင်းလင်းနေသင့်ပါတယ်—
✅ လက်ရှိ ဘယ် Token နံပါတ်ကို ကြည့်ပေးနေသလဲ
✅ ကိုယ့်အလှည့်မတိုင်ခင် လူဘယ်နှယောက်ကျန်သေးသလဲ
✅ ဆရာဝန်ရောက်ရှိနေပြီလား
✅ Appointment အစီအစဉ် ပြောင်းလဲမှု ရှိ/မရှိ
✅ အရေးပေါ်လူနာကြောင့် ကြန့်ကြာမှု ရှိ/မရှိ
လူနာတွေကို အချက်အလက်ပေးထားခြင်းက စောင့်ဆိုင်းချိန်ကို တကယ်မလျှော့နိုင်သေးရင်တောင် မသေချာမှုကို လျှော့ချပေးနိုင်ပါတယ်။
လူနာတွေက အမြဲတမ်း မြန်မြန်ပြီးချင်တာမဟုတ်ပါဘူး။
ဘာဖြစ်နေတယ်ဆိုတာ သိချင်တာပါ။
စောင့်ရတဲ့အချိန်ထက် “မသိရတဲ့အချိန်” က ပိုစိတ်ပျက်စရာကောင်းပါတယ်