Reception ဝန်ထမ်းတွေဟာ လူနာလက်ခံတာတင်မကဘဲ—
ဖုန်းဖြေခြင်း
Appointment မှတ်ခြင်း
Token စီမံခြင်း
လူနာမေးမြန်းမှုများကို ဖြေကြားခြင်း
ဆရာဝန်အချိန်ဇယား စီမံခြင်း
လူနာမှတ်တမ်း ရှာဖွေခြင်း
စတဲ့ အလုပ်များစွာကို တစ်ပြိုင်နက် လုပ်နေရပါတယ်။
လုပ်ငန်းစဉ်ကို ပိုမိုလွယ်ကူစေဖို့ အောက်ပါနည်းလမ်းတွေ အသုံးပြုနိုင်ပါတယ်—
၁။ Appointment အချိန်ဇယားကို ကြိုတင်သတ်မှတ်ပါ
ဆရာဝန်တစ်ဦးချင်းစီအတွက် လူနာလက်ခံနိုင်မယ့် အချိန်နဲ့ အရေအတွက်ကို သတ်မှတ်ထားသင့်ပါတယ်။
၂။ Booking နှင့် Walk-in ကို သီးခြားမှတ်တမ်းတင်ပါ
လူနာအမျိုးအစားကို အစကတည်းက ခွဲထားရင် နောက်ပိုင်းအလှည့်စီမံရတာ ပိုလွယ်ပါတယ်။
၃။ အလှည့်အခြေအနေကို လူနာတွေသိအောင် ပြသပါ
လူနာတိုင်းကို Reception မှာ လာမေးစရာမလိုအောင် လက်ရှိ Token အခြေအနေကို ရှင်းလင်းစွာ အသိပေးထားသင့်ပါတယ်။
၄။ ဆရာဝန်အခြေအနေကို Staff အားလုံး သိရှိအောင်ထားပါ
ဆရာဝန်ရောက်ရှိမှု၊ နောက်ကျမှု၊ ခေတ္တနားချိန်နဲ့ လူနာကြည့်နေမှု အခြေအနေတွေကို Staff အားလုံး တစ်ပြေးညီ သိထားသင့်ပါတယ်။
၅။ လူနာများထံ အသိပေးချက်ကို တစ်ကြိမ်တည်းနဲ့ ရှင်းလင်းစွာ ပေးပါ
တူညီတဲ့မေးခွန်းကို ထပ်ခါထပ်ခါ ဖြေရတာက ဝန်ထမ်းတွေအတွက် အချိန်ကုန်စေပါတယ်။ အရေးကြီးတဲ့အချက်တွေကို ကြိုတင်ရေးသားထားခြင်း၊ ပြသထားခြင်းက အထောက်အကူဖြစ်ပါတယ်။
ဆေးခန်းလုပ်ငန်းစဉ်ကို အဆင့်မြှင့်တင်တာဟာ Technology ထည့်သွင်းတာတင်မဟုတ်ပါဘူး။ လူနာ၊ ဆရာဝန်နဲ့ Staff သုံးဖက်လုံးအတွက် လုပ်ငန်းစဉ် ပိုမိုရှင်းလင်းလွယ်ကူလာအောင် စီမံခြင်း ဖြစ်ပါတယ်။
သင့်ဆေးခန်းမှာ Staff တွေ အချိန်အများဆုံးကုန်ဆုံးနေတဲ့အလုပ်က ဘာဖြစ်မလဲ?
ဆေးခန်းဝန်ထမ်းတွေရဲ့ အလုပ်ပင်ပန်းမှုကို လျှော့ချနိုင်မယ့် နည်းလမ်း ၅ ခု