Dr. Token ဆိုတာ OPD (Outpatient Department) မှာ အသုံးပြုတဲ့ ဆော့ဖ်ဝဲလ်တစ်ခုပါ။
လူနာတွေအနေနဲ့ ဆေးခန်းမှာ ဆရာဝန်ရောက်ပြီလား၊ ဘယ်တိုကင်နံပါတ်ကို ကြည့်နေပြီလဲဆိုတာကို ဖုန်းထဲကနေ အလွယ်တကူ ကြည့်ရှုနိုင်တဲ့စနစ်တစ်ခု ဖြစ်ပါတယ်။
အသုံးပြုရတာလည်း လွယ်ကူရိုးရှင်းပြီး ဆေးခန်းစာအုပ်ထဲက QR Code ကို စကင်ဖတ်ရုံနဲ့ အသုံးပြုနိုင်ပါတယ်။ သီးခြားအက်ပ်ကို ဒေါင်းလုဒ်ဆွဲစရာမလိုပါဘူး။
ဆေးခန်းတွေအနေနဲ့လည်းရှိပြီးသား ကွန်ပျူတာ၊ တက်ဘလက်၊ ဖုန်းတွေမှာ အင်တာနက်ရှိရုံနဲ့ အသုံးပြုနိုင်ပါတယ်။