စောင့်ခဲ့ရသော OPD ရက်စွဲများ

စောင့်ခဲ့ရသော OPD ရက်စွဲများ Photo

နာရီကို ကြည့်လိုက်တော့ နေ့လယ် ၁၂ နာရီကျော်နေပြီ။

ဘေးက မျက်နှာနွမ်းနေတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးလေးကို ပြုံးပြရင်း အားပေးလိုက်မိတယ်။
“နောက်ထပ် နာရီဝက်လောက် စောင့်ပြီးရင် ပြန်ကြရအောင်နော်…”
ဗိုက်ဆာနေတာလည်း ပါတာပေါ့။ မနက်ကလည်း တိုက်ကင်စောစောရအောင် ထွက်လာလိုက်တာ မနက်စာ မစားခဲ့ရဘူး။ ရောက်တော့လည်း တိုက်ကင် နံပါတ် ၂၀ တဲ့။ လူတွေက ဝီရိယကောင်းကြသား။

တစ်လ တစ်ခါ OG ဆရာဝန်ဆီ သွားပြရတဲ့အခါ စောင့်ရတာက တစ်နေကုန်နီးပါး။ Ultra Sound ကတဆင့် ကလေးလေး ကြီးထွားလာတာကို လစဉ်မြင်ရတာကတော့ ကြည်နူးစရာပါ။ ဒါပေမယ့် ဆရာဝန်နဲ့ ဆယ်မိနစ်လောက် ပြရဖို့ တစ်နေကုန် စောင့်ရတာက ကိုယ်ရော စိတ်ပါ ပင်ပန်းစေတယ်။

ဒါနဲ့ နောက်ပိုင်းမှာ ဆေးရုံက တိုက်ကင်ကြိုယူတဲ့ စနစ်ကို ပြောင်းလိုက်တယ်။ အရင်လို အစောကြီးထပြီး တိုက်ကင်ယူစရာ မလိုတော့ဘဲ၊ ဖုန်းဆက်ပြီး တိုက်ကင်ယူလို့ရတာနဲ့ အတော်လေး သက်သာသွားတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ တိုက်ကင်နံပါတ်အပေါ် မူတည်ပြီး ဘယ်ချိန်သွားရမလဲဆိုတာ တွက်ရပြန်ရော။ ပျမ်းမျှ လူနာတစ်ယောက်ကို ဆယ်မိနစ်ကြည့်တယ်ဆိုရင်၊ ကိုယ့်နံပါတ်ကို ဘယ်ချိန်ကြည့်မယ်ဆိုတာ တွက်ချက်ရတယ်။

ဒါနဲ့ တွက်ချက်ခန့်မှန်းပြီး ဆေးရုံရောက်တော့လည်း အကြာကြီး စောင့်ရပြန်တာပါပဲ။အိမ်က မထွက်ခင် ဆေးရုံကို ဘယ်တိုက်ကင်ရောက်နေပြီလဲဆိုတာ ဖုန်းခေါ်ပြီး မေးရတယ်။ တစ်ခါတလေ ဖုန်းလည်း မဖြေတာများပါတယ်။ အလုပ်များတဲ့ ကျန်းမာရေးဝန်ထမ်းတွေဆိုတော့ နားလည်ပေးရတာပေါ့။ ကြိုသွားတော့လည်း အကြာကြီး စောင့်ရတယ်။

ပြီးခဲ့တဲ့ လကတော့ ဆေးခန်းစာအုပ်မှာ QR Sticker လေး ကပ်ပေးလိုက်တာတွေ့တယ်။
ဆေးခန်းစာအုပ်ပေါ်က QR Code ကို ဖုန်းနဲ့ စကင်ဖတ်လိုက်ရင် အခု OPD မှာ တိုက်ကင် ဘယ်နှစ်နံပါတ်ရောက်နေပြီလဲဆိုတာ အလွယ်တကူ ကြည့်လို့ရတယ်။ ကိုယ့်အလှည့်ရောက်ခါနီးမှ အိမ်က ထွက်လို့ရသွားတော့ အတော်လေး အချိိန်ကုန် သက်သာ လူပင်ပန်း သက်သာသွားတယ်

ဒီစနစ်က လူနာတွေအတွက်သာမက၊ ဆေးရုံနဲ့ ဆေးခန်းတွေအတွက်ပါ အဆင်ပြေစေတယ်။ လူနာတွေရဲ့ စောင့်ဆိုင်းချိန်ကို လျှော့ချပေးနိုင်တဲ့အပြင်၊ ဆေးရုံဝန်ထမ်းတွေအတွက်လည်း လုပ်ငန်းတွေကို ပိုမိုထိရောက်စွာ စီမံခန့်ခွဲနိုင်စေတယ်။ နောက် ခေတ်မီတဲ့ နည်းပညာတွေကို အလွယ်တကူသုံးလို့ရအောင် လုပ်ပေးတဲ့ ဆေးရုံကိုလည်း သဘောကျလို့ မဆုံးပါဘူးဗျာ။

————

လူနာတွေ စိတ်အေးချမ်းသာ ရှိပြီး ကိုယ့်ဆေးရုံ ဆေးခန်း ကို ခေတ်မှီစနစ်ကျစေမယ့် ဒေါက်တာ တိုကင် စနစ်ကို တပ်ဆင် အသုံးပြုချင်တယ် ဆိုရင်တော့ အောက်ဖော်ပြပါ communication channel တွေကတဆင့် ဆက်သွယ်နိုင်ပါတယ် ခင်ဗျ။

Dr. Token
Phone , Viber 09 96317/ 70 133
https://software100.com.mm
[email protected]
https://facebook.com/drtoken.live

Category: လူနာများအတွက်