ဆေးခန်း စာအုပ်မှာပါတဲ့ QR လေး စကန် ဖတ်ကြည့်လိုက်ရုံပဲနော်
ဆေးရုံ ဆေးခန်း OPD မှာ ပြတဲ့အခါ လူနာတွေ အနေနဲ့ လက်ရှိ ဘယ်တိုကင်ကို ဆရာဝန် ကြည့်ပေးနေတယ် ဆိုတာ အလွယ်တကူ မသိရတော့ အစောကြီး လာထိုင်စောင့်နေရတက်တယ်။
နဂိုကတည်းက ရောဂါ ဝေဒနာနဲ့ လူနာတွေမို့ ဆေးရုံ ဆေးခန်း OPD ရဲ့ waiting hall ထဲမှာ လူတွေအများကြီးနဲ့ အကြာကြီး ထိုင်စောင့်နေရတာ မသက်သာလှပါဘူး။
ဒီအတွက် ဖြေရှင်းနည်းကတော့ Dr. Token ဆော့ဝဲ စနစ်ပါပဲ။ ဆေးရုံ ဆေးခန်း ပိုင်ရှင် / ဆရာဝန်များ အနေနဲ့ ဒေါက်တာတိုကင် ဆော့ဝဲကို သုံးပြီး လက်ရှိ ဘယ်ဆရာဝန် ဘယ်တိုကင်နံပါတ်ကို ကြည့်နေပါတယ်ဆိုတာကို အချိန်နဲ့တပြေးညီ လူနာတွေဆီ အလွယ်တကူပြသနိုင်မှာပဲ ဖြစ်ပါတယ်။
ဆော့ဝဲ ဆိုလိုလည်း ရှုပ်ရှုပ်ရှက်ရှက်ကြီး မဟုတ်ပဲ အချိန်ငါးမိနစ်လောက်နဲ့ တပ်ဆင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ စက်ကရိယာ ပစ္စည်းတွေလည်း ထပ်ဝယ်စရာ မလိုပဲ လက်ရှိ သုံးနေတဲ့ လက်ပ်တော့ ၊ မိုဘိုင်းဖုန်းကနေ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Dr. Token တပ်ဆင်အသုံးပြုဖို့ ဆော့ဝဲတွေ အသစ်ထပ်တင်စရာ မလိုပါဘူး။ ပေးထားတဲ့ Management Panel ကနေ ဆရာဝန် အချိန်ဇယား နဲ့ လူနာ တိုကင်စာရင်းတွေ စီမံရုံပါပဲ ခင်ဗျ။
ဆေးခန်း တစ်ခုအတွက် QR Code တစ်ခု ရမှာ ဖြစ်ပြီး အဲ့ QR Code လေးကို ဆေးခန်းစာအုပ်မှာ တွဲပြပေးထားရင် လူနာတွေ အနေနဲ့ QR စကန်ဖတ်ပြီး OPD Token တွေကို အချိန်နဲ့ တပြေးညီ ဖုန်းထဲက အလွယ်တကူ ကြည့်နိုင်မှာ ဖြစ်ပါတယ်။
ဈေးနှုန်းကလည်း တစ်လကို သုံးသောင်း ဖြစ်ပြီး ပထမ တစ်လကို အခမဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
လူနာတွေ စိတ်အေးချမ်းသာ ရှိပြီး ကိုယ့်ဆေးရုံ ဆေးခန်း ကို ခေတ်မှီစနစ်ကျစေမယ့် ဒေါက်တာ တိုကင် စနစ်ကို တပ်ဆင် အသုံးပြုချင်တယ် ဆိုရင်တော့ အောက်ဖော်ပြပါ communication channel တွေကတဆင့် ဆက်သွယ်နိုင်ပါတယ် ခင်ဗျ။
Dr. Token
Phone , Viber 09 96317/ 70 133
https://software100.com.mm
[email protected]
https://facebook.com/drtoken.live