Dr Token ရဲ့ အဓိက Features များ

Dr Token ရဲ့ အဓိက Features များ Photo


Clinic Management
ကိုယ့်ဆေးရုံ / ဆေးခန်းရဲ့ နာမည်၊ လိပ်စာ၊ ဘွတ်ကင်ဖုန်းနံပါတ် စတာတွေကို စီမံခန့်ခွဲနိုင်တဲ့ နေရာ ဖြစ်ပါတယ်။

Doctor Management
ကိုယ့်ဆေးရုံ/ဆေးခန်း မှာ ထိုင်မယ့် ဆရာဝန်စာရင်းတွေ ပြုစုတဲ့ နေရာ ဖြစ်ပါတယ်။

Schedule Management
ဆရာဝန်တွေ ထိုင်မယ့် ရက်စွဲ အချိန်တွေကို စီမံခန့်ခွဲနိုင်တဲ့ နေကာဖြစ်ပါတယ်။

Appointment Management
ဘယ်ဆရာဝန် နဲ့ ဘယ်နေ့ ဘယ်လူနာ ပြမယ်ဆိုတဲ့ ကြိုတင်ချိန်းဆိုထားတဲ့ ဘိုကင်စာရင်းတွေ စီမံတဲ့ နေရာဖြစ်ပါတယ်။

Live Management
ဆရာဝန် ဆေးခန်းစထိုင်နေပါပြီ
ဘယ်တိုကင်တွေ ရောက်ပြီး ဘယ်တိုကင်တွေ ကြည့်နေပါပြီ စတဲ့ အချိန်နဲ့တပြေးညီ ပြောင်းလဲ နေတဲ့ အချက်အလက်တွေကို စီမံတဲ့ နေရာ ဖြစ်ပါတယ်။

QR Sticker
ဆေးရုံ/ဆေးခန်းတွေ အနေနဲ့ ကိုယ်ပိုင် unique QR code တစ်ခု ရရှိမှာ ဖြစ်ပြီး ကိုယ့်ဆီလာတဲ့ လူနာရဲ့ ဆေးခန်းစာအုပ်မှာ QR Code ကပ်ပေးလိုက်နိုင်ပါတယ်။ ဒါ‌ဆို လူနာတွေ အနေနဲ့ QR Scan ဖတ်ပြီး OPD မှာ ဆရာဝန် ရောက်ပြီလား ၊ ရောက်ပြီဆိုရင်လည်း ဘယ်တိုကင်နံပါတ်ကို ကြည့်နေပြီလဲဆိုတာကို အချိန်နဲ့ တပြေးညီ ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။

Category: ဆရာဝန်များ အတွက်