ဆေးရုံ ဆေးခန်း သွားရရင် စောင့်ရတာ ဓမ္မတာ

ဆေးရုံ ဆေးခန်း သွားရရင် စောင့်ရတာ ဓမ္မတာ Photo

အရင်ကတော့ ဆေးရုံ ဆေးခန်းတွေ သိပ်မသွားရတော့ စောင့်ရပြုရတာတွေလည်း ဂရုမစိုက်

ဆေးရုံဆေးခန်း နဲ့ ပက်သက်လာရင် နည်းနည်း အလှမ်းဝေးတယ် ပြောရမယ်။ တစ်နှစ်နေမှ တစ်ခါ မဖျားတော့လည်း medical checkup လုပ်စရာရှိမှပဲ ရောက်ဖြစ်တာ များတယ်။ ပြီးခဲ့တဲ့နှစ် အမျိုးသမီး ရဲ့ ကိုယ်ဝန်ကို ဆေးရုံစပြမှ ပြင်ပလူနာဌာနရဲ့ ဒုက္ခတွေ စပြီး တွေ့ရတယ်။

ပထမ အခက်အခဲကတော့ ဘာ information မှ မရှိတာပဲ။ ဘယ်ဆေးရုံဆေးခန်းမှာ ဘယ်ဆရာဝန် ထိုင်တယ် ဆိုတာ မသိရဘူး။ အထူးသဖြင့် အင်တာနက်ပေါ်မှာပေါ့။ website ဆိုတာက တော်တော်များများ မရှိကြပဲ ရှိတဲ့ website ကလည်း လောက်လောက်လားလား information တင်ထားကြတာ မရှိဘူး။ Facebook page တွေကလည်း ဖုန်းနံပါတ်လောက်ပဲ တင်ထားတယ်။ ဒါနဲ့ ကိုယ်ပြချင်တဲ့ ဆရာဝန် ဘယ်ဆေးရုံမှာ ဘယ်ချိန် ထိုင်လဲဆိုတာ လိုက်ပြီး ဖုန်းဆက် မေးရတယ်။

နောက်တစ်ခုက Token ယူတဲ့အချိန်။ ဖုန်းဆက်ပြီး တိုကင် ယူတော့ နံပါတ် ၂၀ ဆိုလား ရတယ်။ အဲ့တာနဲ့ ဘယ်ချိန် လာရမလဲ မေးတော့ reception က ပြန်ဖြေပုံက သင်းတယ်
“ ဆရာက ညနေ ငါးနာရီ စကြည့်မှာ ၊ ကိုယ့်ဘာသာကိုယ် အချိန်တွက်ပြီး လာခဲ့ပါ “ တဲ့

အော် ဒါတောင် အသပြာနင့်နေအောင် ပေးရတဲ့ ပုဂ္ဂလိက ဆေးရုံတွေ။ ဝန်ဆောင်မှုက ကောင်းလိုက်တာ။ ဒါနဲ့ ခပ်စောစောပဲ သွားလိုက်တာ နှစ်နာရီလာက် စောင့်ပြီးမှ ပြရတယ်။ ဆေးရုံ ဆေးခန်း လာရ စောင့်ရတာ စိတ်ညစ်သမျှ ဗိုက်ထဲက ကလေးလေးရဲ့ ultra sound ပုံကိုမြင်ရမှ ရွှင်ရွှင်လန်းလန်း ဖြစ်ရတယ်။

ဒါနဲ့ နောက်တစ်ခေါက် ကြ အစောကြီး မသွားတော့ပဲ ဘယ်တိုကင် ရောက်ပြီလဲ ဆိုတာကို reception ကို ခနခန ဖုန်းနဲ့လှမ်းမေးပြီး ကိုယ့်တိုကင် နံပါတ် နီးမှ သွားလိုက်တယ်။ သိပ်မစောင့်ရဘူး ဆိုပေမယ့် ခန ခန ဖုန်းဆက်ပြီး မေးနေရတာတော့ ရှိတယ်။

Patient waiting hall မှာလည်း လူတွေက အများကြီး။ OPD မှာလည်း ဆရာဝန်က ဆယ်ယောက်လောက် ထိုင်တာဆိုတော့ ဘယ်ဆရာဝန် တိုကင်ဘယ်လောက်ကို ကြည့်နေပြီလဲ ဆိုတာလဲ မသိရ။ လာတဲ့သူတွေကလည်း လူနာတွေဆိုတော့ ကြာကြာစောင့်ရလေ ဝေဒနာ တိုးသလို ခံစားရရဲ့။

ကွန်ပျူတာသမားဆိုတော့ ထိုင်စောင့်နေရင်း ဒီဒုက္ခတွေကို ကွန်ပျူတာနဲ့ ဘယ်လိုများ ဖြေရှင်းလို့ ရနိုင်မလဲ စဉ်းစားမိတယ်။ အနည်းဆုံးတော့ လူနာတွေ အနေနဲ့ ကိုယ်ပြမယ့်ဆရာဝန်က တိုကင်နံပါတ် ဘယ်လောက်ကို ကြည့်နေပါပြီ ဆိုတာကို အချိန်နဲ့ တပြေးညီ ကြည့်နိုင်ရင် အခုကြုံနေရတဲ့ ဒုက္ခ တော်တော်များများ လျော့ပါးသွားမယ် ထင်တာပဲ။

အဲ့တာနဲ့ပဲ Dr. Token ဆိုပြီး ပရောဂျက်လေးတစ်ခု လုပ်ဖြစ်တယ်။ အောက်မှာ နမူနာ ကြည့်လို့ရပါတယ်။

http://bit.ly/drtoken

Category: လူနာများအတွက်