ကျေးဇူးတင်ပါတယ် ဒေါက်တာတိုကင်

ကျေးဇူးတင်ပါတယ် ဒေါက်တာတိုကင်  Photo

ကျွန်တော်တို့ ဆေးခန်း စဖွင့်ကတည်းက လူနာ‌တွေရဲ့ အချိန်ကို တန်ဖိုးထားဖို့ အမြဲ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် လက်တွေ့မှာ ဆရာဝန် နဲ့ လူနာ အင်အား မမျှတာ၊ OPD မှာ လူနာတွေ စုပြုံ စောင့်ဆိုင်းရတာတွေက ‌ဖြေရှင်းဖို့ ခက်ခဲနေခဲ့ပါတယ်။

OPD မှာ အကြာကြီး စုပြုံ ထိုင်စောင့်နေရတဲ့ လူနာတွေရဲ့ စိတ်ပျက်အားငယ်မှုနဲ့ ပင်ပန်းနွမ်းနယ်မှုကို မြင်ရတဲ့အခါ ကျွန်တော်တို့ ဝန်ထမ်းတွေလည်း စိတ်မကောင်းဖြစ်ရပါတယ်။ စောင့်ဆိုင်းချိန်မှာ သက်တောင့်‌သက်သာ ကျယ်ကျယ်ဝန်းဝန်းဖြစ်အောင် အဆောက်အဦကို ထပ်မံတိုးချဲ့ဖို့ကလည်း အဆင်မပြေသေးတော့ တစ်ခြား ဘယ်နည်းလမ်းနဲ့ ဖြေရှင်းမလဲ ကြိုးစားရှာဖွေရပါတော့တယ်။

ဒီမှာပဲ ဆော့ဝဲ (၁၀၀) က ထုတ်တဲ့ ဒေါက်တာတိုကင် စနစ်ကို သွားတွေ့တယ်။ ဒီစနစ်က လူနာတွေရဲ့ ဆေးခန်းစာအုပ်မှာ QR Sticker လေး ကပ်ပေးလို့ ရအောင် စီစဉ်ပေးတယ်။
လူနာတွေအနေနဲ့ QR ကုဒ်ကို စကင်ဖတ်ပြီး လက်ရှိ ဘယ်တိုကင်ကို ကြည့်နေလဲဆိုတာကို သူတို့ရဲ့ ဖုန်းထဲမှာ ကြည့်လို့ရအောင် လုပ်ပေးပါတယ်။

အခုဆိုရင် လူနာတွေဟာ အိမ်ကနေပဲ သူတို့ရဲ့ အလှည့်ကို စောင့်နိုင်ပါပြီ။ ဆေးခန်းမှာ နာရီပေါင်းများစွာ စောင့်နေစရာ မလိုတော့ဘူး။ ဒါကြောင့် လူနာတွေရော ကျွန်တော်တို့ ဝန်ထမ်းတွေပါ အချိန်ကုန်သက်သာပြီး ပိုပြီး အဆင်ပြေလာပါတယ်။

ကျွန်တော်တို့ ဆေးခန်းရဲ့ ရည်မှန်းချက်က လူနာတွေကို အကောင်းဆုံး ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ဖို့ပါ။ "ဒေါက်တာတိုကင်" စနစ်ဟာ ဒီရည်မှန်းချက်ကို အထောက်အကူပြုတဲ့ နည်းပညာတစ်ခုပါ။
ကျေးဇူးတင်ပါတယ် ဒေါက်တာတိုကင် ရေ။

----

OPD မှာ လူနာ‌တွေစုပြုံတိုးနေတာကို ဖြေရှင်းချင်တဲ့
ဆရာဝန်များ ၊ ဆေးရုံ ဆေးခန်း ပိုင်ရှင်များ အနေနဲ့ Dr. Token - OPD Software တပ်ဆင်သုံးစွဲမယ်ဆိုရင် အောက်ဖော်ပြပါ Communication Channel များမှ တဆင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်
https://drtoken.live
Phone / Viber 09963170133

Category: လူနာများအတွက်