လက်ရှိ တိုကင် စနစ်အတွက် အချိန်ဘယ်လောက်ပေးရလဲ

လက်ရှိ တိုကင် စနစ်အတွက် အချိန်ဘယ်လောက်ပေးရလဲ Photo




လက်ရှိ တိုကင်စနစ် ရဲ့ Workflow က ဒီအတိုင်း သွားကြပါတယ်။

တိုကင် ရယူခြင်း

1. Patient က ဆေးခန်း ကို ဖုန်းဆက်ပြီး ဘယ်ဆရာဝန် နဲ့ ဘယ်နေ့ ပြချင်ပါတယ် လို့ ပြောမယ်။
2. ဆေးခန်းဘက်က ဆရာဝန် အတွက် သီးသန့်ထုတ်ထားတဲ့ စာအုပ်မှာ လူနာနာမည် နဲ့ ဖုန်းနံပါတ် ချရေးပြီး တိုကင်နံပါတ် ဘယ်လောက်ပါ လို့ ဖြေကြားပေးမယ်။

ဆေးခန်းပြသမည့်ရက်

1. ဆေးခန်း ဝန်ထမ်းတွေက ဒီနေ့ ထိုင်မယ့် ဆရာဝန် စာရင်း နဲ့ ဆရာဝန် တစ်ယောက်ချင်းစီနဲ့ ပြမယ့် လူနာစာရင်းကို ကြည့်ပြီး တစ်ယောက်ချင်းစီ ဖုန်းလိုက်ဆက်ပြီး ဒီနေ့ ဆရာဝန် ဘယ်ချိန်လာပါမယ် ဆိုတဲ့အကြောင်း ပြောရတယ်။

ဆရာဝန် တစ်ယောက်ကို လူနာ 20- 30 ရှိပြီး လူနာတစ်ယောက်ကို ဖုန်းဆက်ရတဲ့ ကြာချိန်က တစ်မိနစ် နှစ်မိနစ် ရှိပါတယ်။

ကိုယ့်ဆေးခန်းမှာ ဆရာဝန် ငါးယောက် ထိုင်မယ် ဆိုရင်

ဆရာဝန် 5 * လူနာ 20 * မိနစ် 1 = ဖုန်းဆက်ချိန် 100 မိနစ်


အချိန် တစ်နာရီ နဲ့ မိနစ် လေးဆယ် လောက် အကြမ်းဖျဉ်း ပေးရပါတယ်။

2. နောက်တစ်ခုက‌တော့ လူနာတွေက ဆေးခန်းကို ဖုန်းဆက်ပြီး ဆရာဝန် ရောက်ပြီလား၊ ဘယ်တိုကင်ရောက်ပြီလဲ မေးတာကို ဖြေရတဲ့ အချိန်ပါ။ ဆရာဝန် တစ်ယောက်ချင်းစီ ဘယ်တိုကင်နံပါတ်ကို ကြည့်ပေးနေပြီလဲဆိုတာ reception က သေချာ မသိနိုင်တော့ များသောအားဖြင့် ပြန်မဖြေပေးနိုင်ကြပါ။


လူနာတွေ အနေနဲ့ လက်ရှိ တိုကင်နံပါတ်ကို မသိရတော့ ကိုယ့်ဘာသာကိုယ် အချိန်ခန့်မှန်းပြီး OPD မှာ အစောကြီး လာထိုင်စောင့်ကြပါတယ်။ ဒါမှမဟုတ် အတွက်အချက်လွဲပြီး တော်တော်နောက်ကျလို့ ဆရာဝန်ပြန်သွားတာမျိုးလဲ ကြုံရနိုင်ပါတယ်။


ဒီလို ဝန်ထမ်း အင်အား နဲ့ အချိန်အများကြီးသုံးနေရတဲ့ တိုကင် စနစ်ကို Dr. Token ဆော့ဖ်ဝဲစနစ်သုံးပြီး ဝန်ထမ်း အင်အား နဲ့ အချိန်ကုန် သက်သာအောင် ပြုလုပ်နိုင်ပါတယ်။


ဒေါက်တာတိုကင် ဆော့ဖ်ဝဲစနစ်မှာ ဆရာဝန် ဆေးခန်းထိုင်မယ့်အကြောင်း / ဆေးခန်း ထိုင်ရက်ပယ်ဖျက် / နောက်ကျမယ့် အကြောင်း စတာတွေကို ကလစ်တစ်ချက် နှိပ်ပြီး လူနာတွေ အားလုံးစီ အကြောင်းကြားနိုင်ပါတယ်။

လူနာတွေ အနေနဲ့လည်း ဆေးခန်းမှာ ဆရာဝန် ဘယ်တိုကင်ကို ကြည့်ပေးနေပြီလဲဆိုတာကို ကိုယ့်ဖုန်းထဲကနေ အချိန်နဲ့တပြေးညီ ကြည့်နိုင်တော့ ဆေးခန်းကို တကျီကျီဖုန်းဆက်ပြီးမေးစရာ မလို‌တော့ပဲ အိမ်မှာပဲ သက်တောင့်သက်သာ စောင့်ပြီး ကိုယ့်အလှည့်နီးမှ လာလို့ရပါတယ်။

ဒေါက်တာ တိုကင် စနစ်ကို ကိုယ့်ဆေးရုံဆေးခန်းမှာ တပ်ဆင်အသုံးပြုမယ်ဆိုရင် အောက်ဖော်ပြပါ communication channel တွေကတဆင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။


Ph/Viber 09963170133
Email [email protected]
Website www.drtoken.live

Category: ဆရာဝန်များ အတွက်