OPD မှာ လူနာတွေများပြီး အကြာကြီး ထိုင်စောင့်နေရတာကို ဘယ်လို ဖြေရှင်းမလဲ

OPD မှာ လူနာတွေများပြီး အကြာကြီး ထိုင်စောင့်နေရတာကို ဘယ်လို ဖြေရှင်းမလဲ Photo

ဆေးရုံ ၊ ဆေးခန်း ရဲ့ OPD မှာ လူနာတွေ အများကြီး အကြာကြီး ထိုင်စောင့်နေရတဲ့အခါ လူနာတွေ အနေနဲ့ အချိန်ကုန် လူပင်ပန်း ရောဂါတိုး သလိုမျိုး ဆေးရုံဆေးခန်း ရဲ့ efficiency နဲ့ reputation လည်း ကျဆင်းပါတယ်။

နိုင်ငံတကာက စာတမ်းပြုစုထားတာတွေမှာတော့ OPD မှာ သာမန်လူနာတစ်ယောက် အနေနဲ့ ဆရာဝန်နဲ့ တွေ့ရဖို့ နာရီဝက်ကနေ နှစ်နာရီ အထိ စောင့်ရတယ်လို့ ဆိုကြပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာတော့ အချက်အလက်တွေ အတိအကျကောက်ယူပြီး စစ်တမ်းထုတ်ထားတာ မ‌တွေ့ရပေမယ့် ကိုယ်တိုင်ကြုံတွေ့ရသလောက်ကတော့ အနည်းဆုံး တစ်နာရီက စပြီး အများဆုံး တစ်နေကုန် စောင့်ရတာမျိုးတောင် ရှိပါတယ်။

တစ်ခါတစ်လေ အချိန်အကြာကြီး မစောင့်နိုင်တော့လို့ ဆရာဝန်နဲ့ မပြတော့ပဲ ပြန်လာခဲ့ရတာမျိုးတောင် ကြုံရပါတယ်။

အဓိက ပြဿနာကတော့ ပွင့်လင်းမြင်သာတဲ့ Token စနစ်မရှိတာပါပဲ။

ဖြေရှင်းနည်း။

အဆင့် (၁) Appointment စနစ်အား မိတ်ဆက်ခြင်း

ဆေးရုံ ဆေးခန်းရဲ့ OPD ကို walk in patient တွေ အဝင်များလာရင် အခုလိုမျိုး လူနာတွေ ပြုံတိုးနေနိုင်ပါတယ်။ ဒီတော့ လူနာတွေကို ဖုန်း / အွန်လိုင်း ကနေ ကြိုတင် Appointment ယူနိုင်မယ့် စနစ်လေး မိတ်ဆက်ပေးထားရင် walk in အများကြီး စုပြုံနေတာမျိုး ဖြေရှင်းပြီးသား ဖြစ်သွားပါမယ်။ ဆရာဝန် တွေ အနေနဲ့လည်း ကိုယ်ရဲ့ available time slot နဲ့ လက်ခံနိုင်မယ့် လူနာအင်အား အတိအကျ စီမံလာနိုင်ပါမယ်။

အဆင့် (၂) ပွင့်လင်းမြင်သာသော တိုကင် စနစ်

OPD မှာ ဘယ်တိုကင်နံပါတ် ရောက်နေပြီဆိုတာ အချိန်နဲ့တပြေးညီ ထုတ်ပြန်နိုင်ရင် လူနာတွေ အနေနဲ့ ကိုယ်ဘယ်ချိန်အရောက်လာသင့်တယ် ဆိုတာ ကိုယ်တိုင် ဆုံးဖြတ်နိုင်ပါလိမ့်မယ်။ ထုတ်ပြန်နိုင်တဲ့ နေရာတွေကတော့ OPD မှာ ထားတဲ့ TV ကနေပဲ ဖြစ်ဖြစ်၊ လူနာတွေရဲ့ ဖုန်းထဲကိုပဲ ဖြစ်ဖြစ် ဒစ်ဂျစ်တယ် နည်းပညာတစ်ခုခု သုံးပြီး ထုတ်ပြန်နိုင်ပါတယ်။

ကိုယ့်ဆေးရုံ ဆေးခန်းမှာ ဒစ်ဂျစ်တယ် နည်းပညာသုံး တိုကင်စနစ်ကို တပ်ဆင် အသုံးပြုချင်တယ် ဆိုရင် Dr. Token ဆိုတဲ့ OPD ဆော့ဝဲရှိပါတယ်။ တပ်ဆင်အသုံးပြုဖို့အတွက် သီးသန့် စက်ကိရိယာတွေ ဝယ်စရာ မလိုပဲ အချိန်အနေနဲ့လည်း ဆယ့်ငါးမိနစ် သာ ကြာမြင့်မှာ ဖြစ်ပါတယ်။

Dr. Token စနစ်အား နမူနာ ကြည့်ရန်

https://drtoken.live

အသေးစိတ်ကိုတော့ အောက်ဖော်ပြပါ communication channel တွေကတဆင့် ဆက်သွယ် စုံစမ်းနိုင်ပါတယ်။

Phone / Viber 09 9631 70 133

Email [email protected]

Website https://software100.com.mm

Category: ဆရာဝန်များ အတွက်